ဖုန်းအားသွင်းကြိုးကို hack ပြီး နကိုထက် ၄ ဆအားအ၀င်မြန်အောင်လုပ်နည်း
ဒီတစ်ခေါက်ပြောမှာကတော့ ရိုးရိုးဖုန်း ချာဂျင် ကြိုး ကို hack ပြီး အားအမြန်ဝင်အောင်လုပ်တဲ့နည်းပါ၊
ဟုက် လွယ်ပါတယ် အရမ်းလွယ်တယ် ၊ ကွန်ပျူတာမလိုဘူး အင်တာနက်မလိုဘူး
ခဲတံချွန်တဲ့ ဓါးနဲ့  မီးကပ်တိပ်တစ်ခွေရှိရင် ရပါပြီ ၊ အိုကေ Lets START >
![[Image: 20160205_125525.jpg]](http://s10.postimg.org/6aed532ll/20160205_125525.jpg)
ပထမဦးဆုံး usb ကြိုးကို ဓားနဲ့ ခွဲပါမယ် ၊ ဒါဆိုအထဲက ကြိုးတွေတွေ့ ရပြီ ၊
![[Image: 20160205_125706.jpg]](http://s14.postimg.org/v2ta81le9/20160205_125706.jpg)
USB ထိုးတဲ့ကောင်အကြီးကြီးနားက ဖြတ်နော် ဒါမှ သုံးရတာ အဆင်ပြေမှာ ၊
အထဲမှာ ကြိုး လေးချောင်းတွေ့ ပါမယ် ၊ ပုံမှန်ကတော့ ဒီအရောင်တွေပါ ပဲ အဖြူ နဲ့  အစိမ်းကြိုးကို ဖြတ်ပါမယ် ၊
![[Image: 20160205_125937.jpg]](http://s29.postimg.org/a62w4jq6f/20160205_125937.jpg)
ဖြတ်ပြီးရင် ဒါမျိုး အစလေး ရအောင်လှီးထုတ်လိုက်နောက် သတိတော့ထားပါ ဓားရှတက်တယ်ဗျ ၊
![[Image: CM160205_13055602.jpg]](http://s15.postimg.org/fuez93fh7/CM160205_13055602.jpg)
ပြီးရင် အဲ့အစ နှစ်ခုကို ပူးပြီး လိမ်ပေးလိုက်ပါမယ် ၊ ပူးရမှာက usb အကြီးရှိတဲ့ဘက်က အစ နှစ်စပါ ။ အောက်က ပုံထဲမှာလိုမျိုး
![[Image: CM160205_13094904.jpg]](http://s9.postimg.org/8d0t8bdun/CM160205_13094904.jpg)
ပူးခြည်ပြီးသွားပြီဆိုတော့ အကုန် မီးကပ်တိပ်နဲ့ ပြန်ကပ်ပါမယ် ၊
![[Image: 20160205_131112.jpg]](http://s9.postimg.org/cm0hddasf/20160205_131112.jpg)
အိုကေ usb ကြိုးတစ်ခေါင်းကို အောင်မြင်စွာ ဟက်နိုင်ပါပြီ ၊ COOL :
=========================================================================================
မ ဟက်ရသေးခင် အားအ၀င် 466 mA (ဒီ speed နဲ့ ဆို ကျန်တော့်ဖုန်း note 2 အင်တာနက်သာဖွင့်ထားရင် လုံးဝ % မတက်တော့ပါ တစ်ခါတစ်လေ ပြန်တောင်ရော့သွားပါတယ် )
![[Image: Screenshot_2016_02_05_13_02_37.jpg]](http://s15.postimg.org/53s9q5zq3/Screenshot_2016_02_05_13_02_37.jpg)
ဟက်ပြီး အားအ၀င် 1698mA (ဖလန်းဖလန်း speed ပေါ့ ဘာပြောကောင်းမလဲ ရှိသမျှ app တွေ အကုန် run
သီချင်းဖွင့် အလင်းအကုန်တင်ပြီး internet သုံးနေရင်တော့ အင်မတန်မြန်ဆန်တဲ့  speed နဲ့  အားတွေပြည့်လာတာကို
တွေ့ ရမှာဖြစ်ပါတယ် ၊
![[Image: Screenshot_2016_02_05_13_12_04.png]](http://s18.postimg.org/hxz52qi09/Screenshot_2016_02_05_13_12_04.png)
လက်ရှိအဲ့နည်းနဲ့  ကျန်တော့် n2 လေးကိုအားသွင်းနေတာပါ ၊ ဘာမှတော့ ပူတာတွေ ဘာတွေတော့ မဖြစ်ဖူးဘူး သုံးနေတာလည်းကြာပြီ
![[Image: 20160205_131156.jpg]](http://s23.postimg.org/97s1d3liz/20160205_131156.jpg)
Samsung အတွက်တော့ အဆင်ပြေပါတယ် ဗျာ ၊ အကုန်လုံးတွက်တော့ အာမခံတာတော့မဟုက်ဘူးနော် တော်ကြာ အထုခံနေရအူးမယ် ဟီးဟီး
ပြသနာတော့်ရှိပါဘူး ။ အဲ့အလယ် နှစ်ကြိုးက data သွားတဲ့လမ်းပါ ။
အဓိကက ကျန်တဲ့ နှစ်ကြိုးကိုပဲ သွားမပူးမိဖို့အရေးကြီးပါတယ် ။ ကျန်နှစ် ခုက volt သွားတဲ့လမ်းကြောင်းမို့ပါ။
ထပေါက်တာတို့ဘာတို့တော့ လုံးဝမဖြစ်နိုင်ပါဘူး ဟီး အာ့တော့အာမခံပါဒရ်
လုပ်မယ်ဆိုရင်တော့ tuto တော့ သေသေချာချာဖတ်ပြီး လုပ်စေချင်တယ် ။
0 comments: