Xiaomi Redmi Note 3 ကို One click ဖြင့် Root လုပ်နည်း

Xiaomi Redmi Note 3 ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
ဒီတစ်ခါ One click ဖြင့် Root Access ရယူနည်းကိုတင်ပေးလိုက်ပါတယ်။
ယခုပြောပြပေးသွားမယ့် နည်းကတော့Redmi Note 3 ဖုန်းအတွက်
Auto Root ကိုအသုံးပြုပြီး အလွယ်တကူ Root လုပ်နည်းပဲဖြစ်ပါတယ်။
ဖုန်းသမားတွေအတွက်တော့မဟုတ်ပါဘူးဗျာ ကွန်ပျူတာနဲ့မှအဆင်ပြေမှာပါ
Root Tool ကိုအောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။

Rooting Guide
===========
၁။ ဒေါင်းလော့ရလာတဲ့ USB Driver & Root Tool zip ဖိုင်ကိုဖြေလိုက်ပြီး ကွန်ပျူတာတွင်
Install ပြုလုပ်လိုက်ပါ Vroo & iRoot များကို Install ပြုလုပ်သလိုပါ။
၂။ ဖုန်းမှာ Settings > Developer options > USB Debugging ကို Enable ပြုလုပ်ထားပါ။
၃။ ဖုန်းကိုကွန်ပျူတာတွင် ချိတ်ဆက်လိုက်ပြီး Root Tool ကိုဖွင့်လိုက်ပါ။
၎။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ အောက်ပါပုံလေးအတိုင်း တရုတ်စာဖြင့်ပြထားတဲ့
Root ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပြီး Rooting process တစ်ခုကိုစတင်လိုက်ပါ။
၅။ အားလုံးပြီးသွားရင်တော့ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ် ပြန်တက်လာတဲ့အခါ
သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ RootChecker ဖြင့်စမ်းသပ်လိုက်ပါ။
အဆင်ပြေပါစေ
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လိုအပ်သည်များကို comment တွင်ရေးသားအကြံပြုဝေဖန်နိုင်ပါသည်။ဘလော့သို့{ ဒီမှာ } သွားလိုက်ပါ
0 comments: