Xiaomi Redmi Note 3 ကို TWRP Recovery သွင်းပြီး Root လုပ်နည်း

Xiaomi Redmi Note 3 ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
TWRP ကိုထည့်သွင်းပြီး SuperSu ဖိုင်ဖြင့် Recovery Mode ကနေ
အလွယ်တကူ Root လုပ်ယူနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Root လုပ်ရန်အတွက်လိုအပ်တာများရယူလိုက်ပါ
Download ADB and Fastboot Driver
Click Here to Download ADB+Fastboot zip
Click Here to Download TWRP
Download Here UPDATE-SuperSU-v2.46.zip
How to Install TWRP recovery
======================
၁။ ADB & Fasboot Driver ကို ကွန်ပျူတာတွင် Install ပြုလုပ်ထားပါ
၂။ ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ထားပြီး
ဒေါင်းလော့ရလာတဲ့ Fastboot, TWRP zip ဖိုင်များကိုဖြေလိုက်ပါ။
၃။ SuperSu Zip ဖိုင်ကို ဖုန်းရဲ့ Storage သို့ Copy ကူးထည့်လိုက်ပါ။
၎။ TWRP ဖိုင်ကို Fastboot Folder သို့ပြောင်းလိုက်ပါ။ Fastbood Folder ထဲမှာ
Shift+Right Click +Open command windows here
ကိုနှိပ်ပြီး Command box ဖွင့်လိုက်ပါ။
၅။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ အားလုံးအသင့်ဖြစ်ရင်တော့
အောက်ပါ ADB Command များကို မှန်အောင်ရိုက်ထည့်ပေးပြီး Enter ကိုခေါက်ပါ။

adb devices

adb reboot boot loader

fastboot flash recovery twrp.img

TWRP ကိုထည့်သွင်းနေတုန်းခနစောင့်နေလိုက်ပါအားလုံးပြီးသွားရင်တော့
ဖုန်းကို Root လုပ်ရန်အတွက် USB ကြိုးကိုဖြုတ်လိုက်ပါ။
How to Root Redmi Note 3
===================
၁။ ဖုန်းကိုပါဝါဖွင့်လိုက်ပြီး Settings> Updater>Reboot to Recovery ဆိုပြီး
တစ်ဆင့်နှိပ်သွားလိုက်ပြီး ဖုန်းကို Recovery Mode သို့ဝင်လိုက်ပါ။
၂။ Recovery Mode တွင် Install From SD Card & Storage မှ SuperSu.zip ဖိုင်ကို
ရွေးချယ်ပြီး Swipe to Install ပြုလုပ်ပေးလိုက်ပါ၊ ပြီးသွားရင်တော့ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

အဆင်ပြေပါစေ
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လိုအပ်သည်များကို comment တွင်ရေးသားအကြံပြုဝေဖန်နိုင်ပါသည်။ဘလော့သို့{ ဒီမှာ } သွားလိုက်ပါ
0 comments: